
Jue Jue’s Safe Space
Safe Space for All, Safe Space to Talk
Mental Health Services for Myanmar Communities
Our Organization
Jue Jue's Safe Space Organization was established in 2021 as a non-profit organization with 501 (c) (3) status in Hawaii, the United States of America due to the needs of mental health service for Myanmar people after the coup. Jue Jue Min Thu, the founder of the organization is a social worker who values social justice and works for the individuals who are struggling with mental health issues.
Suicide Prevention Training
Total Completion
839
Helpline Participants
373
Total Participants
1,654
Training Batch
1 to 6
Our Services
-
Individual Counseling
-
Group Counseling
-
Couple Counseling
-
လက်တွေ့ပြန်လည်အသုံးပြုနိုင်သော အမေရိကန်အသိအမှတ်ပြု သင်ရိုးညွှန်းတန်းများဖြင့် သင်ကြားပေးသော အသိအမှတ်ပြုဘွဲ့လက်မှတ်ရ ဆရာ၊ ဆရာမများဖြင့် သင်တန်းများကိုလည်း Jue Jue’s Safe Space မှာ တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ပြုလုပ်လျက်ရှိပါတယ်။
-
အမေရိကန်နိုင်ငံအသိအမှတ်ပြုလက်မှတ်ရဆရာမဒေါ်ဂျူးဂျူးမင်းသူ၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စိတ်ကျန်းမာရေးဆောင်ပါးများ Video များကိုလည်း Jue Jue’s Safe Space ၏ Social Media Platform များတွင် အခမဲ့ဖတ်ရှုနိုင်အောင်တင်ပေးလျက်ရှိပါတယ်
-
Suicide Helpline တွင်လုပ်ကိုင်နေသောစေတနာ့ဝန်ထမ်းများအား Continue Education Session များကို မတူညီသောခေါင်းစဉ်များအလိုက် စေတနာ့ဝန်ထမ်းများ၏လိုအပ်ချက်ကိုကြည့်ရှုပြီး လစဉ် Free Education Session များပေးလျက်ရှိပါတယ်။
24/7 Suicide Helpline
လက်ရှိမြန်မာနိုင်ငံ၏ အကြပ်အတည်းကာလအတွင်း သက်ရောက်မှုများထဲမှ အထိအခိုက်အမြင့်ဆုံးနှင့် အပြင်း ထန်ဆုံးအရာဖြစ်သည့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းကိစ္စများ၊ မိမိကိုယ်ကိုယ်နာကျင်အောင်ပြုလုပ် သူများအတွက် အလေးအနက်ထားရည်ရွယ်ပြီး Jue Jue's Safe Space မှ ၂၄နာရီ စိတ်ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်သည့် Suicide Helpline ကိုဖွင့်လှစ်ထားပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းများ အဆက် မပြတ် ဖြစ်ပေါ်နေမှုများကို လက်လှမ်းမှီသလောက် ကူညီမှုများပေးနိုင်အောင် Batch (1) မှ Batch (5) အထိ စေတနာ့ဝန်ထမ်းစုစုပေါင်း ၃၇၃ ဦးလုပ်ကိုင်လျက်ရှိကာ 24 နာရီ Helpline ကိုဖွင့်လှစ်ထားရှိပါတယ်။ တစ်နှစ်ကျော် အတွင်း လူပေါင်း (၅၆) ယောက်ကျော်ကို အရေးပေါ် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပါတယ်။
Save Myanmar
သင်၏အလှူ အသက်ကိုကူ
မတ်လ ၂၈ ရက်နေ့တုန်းက စစ်ကိုင်းမြို့ကနေ ၁၂ ကီလိုမီတာ ဝေးတဲ့နေရာကို ဗဟိုပြုပြီး ၊ ပြင်အား ၇.၇ ရှိတဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်း ၊ မန္တလေး ၊ နေပြည်တော် ၊ ပြည် ၊ အမရပူရ ၊ တောင်ကြီး နဲ့ ရန်ကုန် အပါအဝင် နေရာဒေသ တော်တော်များများမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ ကျေးရွာ ၊ မြို့နဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ လက်ရှိအချိန်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ လူပေါင်း ၁,၆၄၄ ဦးသေဆုံး ၊ ၃,၄၀၈ ဦး ဒဏ်ရာရ ၊ ၁၃၉ ဦး ပျောက်ဆုံးနေတာ ဖြစ်ပြီး မိသားစုတွေလည်း အိမ်ခြေယာမဲ့တွေ ဖြစ်ကုန်ကြရပါတယ်။
Disaster Distress Helpline
လက်ရှိမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ မြေငလျင်သဘာဝ ဘေးအန္တရာယ်တွေကြောင့် စိတ်ဓာတ်ကျပြီး မွန်းကြပ်နေတယ်လို့ ခံစားနေရပါသလား။
မိသားစုတွေ၊ ချစ်ခင်ရတဲ့သူတွေအတွက် အဘက်ဘက်က စိုးရိမ်ပူပန်နေရပါသလား။
သူများသာကူပေးရမယ့် ကိုယ်တိုင်လည်းမနည်းရုန်းကန်နေရသလား။
အခုလိုတွေခံစားနေရတာကို လုံခြုံစိတ်ချရတဲ့သူတစ်ယောက်ယောက်ဆီ ရင်ဖွင့်ပြောဆိုချင်ပါသလား။
အခုလို ပူပန်မွန်းကြပ်မှုတွေကို ခံစားနေရသူတွေအတွက် ကျွန်မတို့ Jue’s Safe Space ရဲ့ Helpline တစ်ခုဖြစ်တဲ့ Disaster Distress Helpline က ၂၄နာရီ အမြဲအသင့်ရှိနေပါတယ်။
Upcoming Events And Trainings
Mental Illness and Substance Misuse
April Supervision for JJSS volunteers
Suicide Prevention Helpline နှင့် Peer Support Helpline များတွင် ပါဝင်ကူညီအားဖြည့်နေကြတဲ့ volunteers (စေတနာဝန်ထမ်းများ) အတွက် Jue Jue’s Safe Space မှ အစဉ်မပြတ် ပြုလုပ်ပေးလျက်ရှိတဲ့ Monthly Supervision Session ကို လာမည့် ဧပြီလ (၅) ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် နံနက် (၁၁) နာရီမှာပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီတစ်လမှာတော့ Mental Illness and Substance Misuse (စိတ်ရောဂါနဲ့ မူးယစ်သောက်စားသုံးစွဲမှု) ဆိုတဲ့ ခေါင်းစဉ်ဖြင့် လူကိုမူးယစ်စေတတ်သော ဆေးဝါးများနှင့် အရက်၊ ဘီယာ၊ ဆေးလိပ် စသည်တို့ကို လွန်ကဲစွာ သုံးစွဲခြင်းမှ စိတ်ကျန်းမာရေးကို ဘယ်လိုအခြေအနေအထိရောက်အောင် ထိခိုက်လာနိုင်သလဲဆိုတဲ့ သိမှတ်စရာအကြောင်းအရာများကို ဝေမျှပေးသွားမှာဖြစ်လို့ မပျက်မကွက်တက်ရောက်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Zoom Link များကိုလည်း Email နှင့် volunteer Telegram channel များမှ တဆင့်ပေးပို့သွားမှာဖြစ်ပါတယ်ရှင့်။
Reviews
Join Our Safe Space Community